🔹အသင်းဝင်များ စုစည်းခြင်းနှင့် မျှဝေခြင်း (Network & Community) – ကွန်ပျူတာဝါသနာရှင်များ နှင့် နည်းပညာအသုံးပြုသူများကို စုစည်းကာ အချင်းချင်း ပညာရပ်များ မျှဝေနိုင်မည့် တန်းတူညီမျှ သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန်။
🔹လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး (Human Resource Development) – ကျောင်းသူ/ သားများနှင့် လူငယ်များအပါအဝင် နိုင်ငံတစ်ဝန်း ICT အခြေခံနှင့် ထူးချွန်ပညာ ရှင်များ ပေါ်ထွန်း လာစေရန် သင်တန်းများ၊ စာမေးပွဲများနှင့် ပြိုင်ပွဲများ ကျင်းပပေးရန်။
🔹နည်းပညာပြန့်ပွားရေးနှင့် အသိပညာပေးခြင်း (ICT Awareness & Protection) – ပြည်သူများ ဒစ်ဂျစ်တယ်နည်းပညာကို အလွယ်တကူ အသုံးချနိုင်စေရန်၊ နည်းပညာဖြင့် အနိုင် ကျင့်ခံရမှုများ လျော့ပါးစေရန်နှင့် သုံးစွဲသူများ၏ အကျိုးခံစားခွင့်ကို ကာကွယ်ပေးရန်။
🔹သုတေသန၊ ပြုစုထုတ်ဝေရေးနှင့် အကြံပြုခြင်း (R&D and Quality Assurance) – နည်းပညာ ဆိုင်ရာ သုတေသနများ၊ စာအုပ်စာတမ်းများ ထုတ်ဝေခြင်းကို အားပေးရန်နှင့် သင်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းများနှင့် အရည်အသွေးအဆင့်မီစေရေးအတွက် အကြံပြုကူညီရန်။
🔹ပြည်တွင်း/ပြည်ပ ချိတ်ဆက်မှုနှင့် မြန်မာဘာသာသုံးစွဲမှု (Localization & Global Connection) – နည်းပညာစနစ်များတွင် မြန်မာဘာသာကို တွင်ကျယ်စွာ အသုံးပြုနိုင်ရေး ကူညီရန်နှင့် အပြည်ပြည်ဆိုင်ရာ နည်းပညာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်။