၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ အင်္ဂါနေ့တွင်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်အသင်းအနေဖြင့်
ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌
ရန်ကုန်တိုင်းဒေသကြီးကျောင်းစာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်
AI & Cyber Security နှင့်ပတ်သတ်သော
Energiser Quiz ပြိုင်ပွဲကို
ပြခန်းတစ်ခုအနေဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊
အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်
တာဝန်ရှိသူများက Quiz ဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများကို လိုက်လံကြည့်ရှုရာ
ခရိုင်ကွန်ပျူတာဝါသနာရှင်အသင်းမှ
တာဝန်ရှိသူများက ပြိုင်ပွဲ နှင့်ပတ်သတ်၍
ရှင်းလင်းတင်ပြကြပြီး
ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။




