AI & Cyber Security နှင့်ပတ်သတ်သော Energiser Quiz ပြိုင်ပွဲကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၂၉
မင်္ဂလာဒုံခရိုင် ကွန်ပျူတာဝါသနာရှင်အသင်း အနေဖြင့် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌
ရန်ကုန်တိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် AI & Cyber Security နှင့်ပတ်သတ်သော Energiser Quiz ပြိုင်ပွဲကို ပြခန်းတစ်ခုအနေဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက Quiz ဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ပြီး မင်္ဂလာဒုံခရိုင် ကွန်ပျူတာဝါသနာရှင်အသင်းမှ
အမှုဆောင်များမှလည်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

