မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခြင်းဖြင့် အောက်ပါအခွင့် အရေးများကို ရရှိနိုင်ပါသည်။
၁။ နည်းပညာအသိပညာများ အခမဲ့လေ့လာခွင့်
ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ Software နှင့် Digital Technology ဆိုင်ရာ အသိပညာများကို အခမဲ့ လေ့လာသင်ယူနိုင်ပါသည်။
၂။ အသင်းနှင့်ချိတ်ဆက်ထားသော လုပ်ငန်းများနှင့် ဆိုင်များတွင် အသင်းသား discount ရရှိနိုင်မည်ဖြစ်ပါသည်။
၃။ သင်တန်းနှင့် ဟောပြောပွဲများ တက်ရောက်ခွင့်
အသင်းမှ စီစဉ်ကျင်းပသော Training၊ Workshop၊ Seminar နှင့် Knowledge Sharing အစီအစဉ်များတွင် ပါဝင်တက်ရောက်နိုင်ပါသည်။
၄။ နည်းပညာအခက်အခဲများအတွက် အကြံပေးမှုရရှိခြင်း
ကွန်ပျူတာ၊ Mobile Phone နှင့် Software အသုံးပြုရာတွင် ကြုံတွေ့ရသော အခက်အခဲများကို အသင်း၏ အတွေ့အကြုံရှိသူများထံမှ အကြံဉာဏ်နှင့် လမ်းညွှန်မှုများ ရယူနိုင်ပါသည်။
၅။ နည်းပညာဝါသနာရှင်များနှင့် ချိတ်ဆက်နိုင်ခြင်း
နည်းပညာကို စိတ်ဝင်စားသူများနှင့် မိတ်ဆွေဖွဲ့နိုင်ပြီး အသိပညာ၊ အတွေ့အကြုံနှင့် အကြံဉာဏ် များကို အပြန်အလှန် ဖလှယ်နိုင်ပါသည်။
၆။ လက်တွေ့အတွေ့အကြုံများ ရရှိခြင်း
အသင်း၏ နည်းပညာဆိုင်ရာ လှုပ်ရှားမှုများ၊ စေတနာ့ဝန်ထမ်းအစီအစဉ်များနှင့် လူမှုအကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် လက်တွေ့အတွေ့အကြုံများ ရရှိနိုင်ပါသည်။
၇။ Digital Skills မြှင့်တင်နိုင်ခြင်း
ခေတ်မီနည်းပညာများကို လေ့လာအသုံးချနိုင်ပြီး မိမိ၏ Digital Skills နှင့် IT စွမ်းရည်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်။
၈။ အသိပညာမျှဝေသူအဖြစ် ပါဝင်နိုင်ခြင်း
မိမိ၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို အခြားသူများနှင့် မျှဝေကူညီပေးနိုင်ပြီး နည်းပညာ အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်နိုင်ပါသည်။